1
2
3
4
5
6
7
8

Directives for IGU

မန်မာ့ပထဝီဝင်အသင်း ဥက္ကဋ္ဌမှ IGU အတွက်ဆောင်ရွက်ချက်များ

       IGU သို့အဖွဲ့ဝင်ခွင့်လျှောက်ထားရေးကိစ္စနှင့်ပက်သက်၍ အသင်းဖွဲ့စည်းခွင့်ရရှိသည့် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ နောက်ပိုင်းမှစ၍  မြန်မာ့ပထဝီဝင်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဦးမောင်မောင်အေး သည် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ (CEC) ကိုလည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်း အဖွဲ့ကိုသော်လည်းကောင်း IGU နှင့်အမြန်ဆုံးဆက်သွယ်ရန် စဉ်ဆက်မပြတ်တိုက်တွန်းနိုးဆော်ခဲ့ပါသည်။ CEC အစည်းအဝေးပွဲတိုင်းတွင်လည်း မှာကြားခဲ့ပါသည်။

       GAM နိုင်ငံခြားဆက်ဆံရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှုး ဦးသက်လွင်တိုးသည် ၂ဝ၁၄ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ဆုံးသီတင်းပတ်အတွင်း IGU ဝင်ခွင့်ကိစ္စနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံ Mie University သို့ခေတ္တရောက်ရှိနေ သော ကထိက ဒေါက်တာ ကေသွယ်လှိုင်အား E – mail ပို့၍ ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် ဒေါက်တာ ကေသွယ်လှိုင်နှင့် Professor Dr. Haruyama တို့ကလည်း လိုအပ်သောအရေးတယူ ဆောင်ရွက်မှုများကို E – mail ဖြင့်လိုအပ်သလို ဆက်သွယ်မေးမြန်းခြင်း၊ ကူညီဆောင်ရွက်ခြင်း ၊ E – mail ပြန် ကြားခြင်းများ ပြုလုပ်ခဲ့ခြင်းအားသိရှိရပါသည်။

       သို့ရာတွင် GAM ဖွဲ့စည်းခွင့်ရရှိသည့်နေ့ရက်မှစ၍ (၆)လနီးပါးကြာမြင့်ခဲ့သည့်အချိန်တိုင်အောင် IGU အဖွဲ့ ဝင်ခွင့်ရရှိရေးနှင့်စပ်လျဉ်းပြီး သိသာထင်ရှားသောတိုးတက်မှုများ မတွေ့ရှိရသောကြောင့် GAM ဥက္ကဋ္ဌ ပါမောက္ခ ဦးမောင်မောင်အေးကိုယ်တိုင် ဤကိစ္စကိုစတင်အရေးယူဆောင်ရွက်ခဲ့သည်။ ၂၃ . ၄ .၂ဝ၁၄ ရက်နေ့တွင် GAM ဥက္ကဋ္ဌက IGU အထွေထွေအတွင်းရေးမှုးချုပ် ပါမောက္ခ Meik Meadows ထံ E – mail တစ်စောင်ပေးပို့ဆက် သွယ်ခဲ့သည်။ ၂၄ . ၄ .၂ဝ၁၄ ရက်နေ့တွင် Professor Meik Meadows ထံမှ GAM ဥက္ကဋ္ဌထံသို့ E – mail ဖြင့် ပြန်စာတစ်စောင်ပေးပို့ခဲ့သည်။ ၎င်း E – mail တွင် IGU အဖွဲ့ဝင်ခွင့်ကိစ္စနှင့်ပက်သက်၍ ဆက်သွယ်မေးမြန်း သည်ကိုဝမ်းမြောက်ကျေးဇူးတင်ကြောင်း ၊ IGU ဝင်ခွင့်ကိစ္စနှင့်ပက်သက်၍ သိကောင်းစရာအချက်အလက်များ ကိုပြန်လည်ပေးပို့လိုက်ပါကြောင်း ရေးသားဖေါ်ပြခဲ့ပါသည်။

       GAM ဥက္ကဋ္ဌထံမှ IGU အထွေထွေအတွင်းရေးမှုးချုပ်ထံသို့ပေးပို့သော E – mail မိတ္တူနှင့် IGU မှပြန်စာ မိတ္တူတို့ကို GAM  ဒုတိယ ဥက္ကဋ္ဌနှစ်ဦးဖြစ်သော ဦးမောင်မောင်မြင့်နှင့် ဦးတင်မောင်ညွှန့် ၊ (CEC) အဖွဲ့ဝင် ဦးချားလ်ဖရန်ကလီ ၊ နိုင်ငံခြားဆက်ဆံရေးလုပ်ငန်းအဖွဲ့မှ ဦးသက်လွင်တိုးထံသို့လည်းကောင်း၊ ဂျပန်နိုင်ငံရှိ Professor Dr. Shigeko Haruyama နှင့် ဒေါက်တာကေသွယ်လှိုင်တို့ နှစ်ဦးထံသို့လည်းကောင်း၊ GAM အထွေ ထွေအတွင်းရေးမှုး ဒေါက်တာ သိန်းရွှေ နှင့် GAM ၏လက်ထောက်ရုံးအဖွဲ့မှူး ဦးစိုးထွဋ်ဝင်းထံသို့လည်းကောင်း အသီးသီးပေးပို့ခဲ့ပြီး လိုအပ်သလိုဆက်လက်ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။

       IGU သို့ အဖွဲ့ဝင်ခွင့်ကိစ္စနှင့်စပ်လျဉ်း၍ GAM ဘက်မှဖြည့်ဆည်းပေးရမည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) GAM ကို စတင်တည်ထောင်သည့် ရက်စွဲ ၊

(၂) GAM ကိုတည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက် ၊

(၃) GAM ကဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများ ၊

(၄) GAM ဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်း ၊ 

      (အမည် ၊ ရာထူး ၊ပညာအရည်အချင်း ၊နေရပ်လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များ)

(၅) GAM ၏လုပ်ငန်းအဖွဲ့များ (သို့မဟုတ်) ဆပ်ကော်မတီများစာရင်း ၊

(၆) မြန်မာ့ပထဝီဝင်အသင်း(GAM)၏ လက်ရှိလိပ်စာအပြည့်အစုံ ၊

     (တည်နေရာ ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Fax:No. နှင့် အသင်း၏ website address)

(၇) GAM  ဥက္ကဋ္ဌ ပါမောက္ခဦးမောင်မောင်အေး၏ ကိုယ်ရေးမှတ်တမ်း (C.V) အကျဉ်းချုပ် (တစ်မျက်နှာခန့်) ၊

(၈) GAM ၏ အတွင်းရေးမှူး (ကိုယ်ရေးမှတ်တမ်း (C.V) အကျဉ်းချုပ် (တစ်မျက်နှာခန့်) ၊

       အထက်ပါအချက်အလက်များကို GAM စီမံခန့်ခွဲရေးရုံးအဖွဲ့မှ အမြန်ဆုံးပြုစုပြီး ဥက္ကဋ္ဌထံသို့ပေးအပ်ရန် တို့ကို ၂ဝ၁၄ ခုနှစ် ဧပြီလ ၃ဝရက်နေ့ ညနေ ၅း၁၅ နာရီအချိန်တွင် ညွှန်ကြားခဲ့ပါသည်။